Comments

Sunday 7 April 2013

လေပြေရေးတဲ့ လေပြည်.....

Posted by at 17:23 Read our previous post
လေပြည်လို ညင်သာခြင်းမျိုးနဲ့

ငါစိတ်ထဲ ၀င်ရောက်လာခဲ့တဲ့ နင့်ရဲ့ ၀ိုးတ၀ါး ပုံရိပ်လေးတွေအတွက်

နှလုံးသားတစ်ခုထက်ပိုပြီး ဘာတွေကို စတေးပစ်ရဦးမလဲ

ဟန်ဆောင်အပြုံးတွေ နဲ့ မမုန်းပါနဲ့တော့ လေပြည်ရယ်

နင် ဖန်ဆင်းတဲ့ သစ်ရွက်ကလေးတွေရဲ့ လှုပ်ခတ်မှုနဲ့ အတူ

ငါ့ နှလုံးသား ၀ိဥာဉ် ပါခြွေချဖို့ စိတ်ကူးရှိနေရင် စေ လိုရာစေပါ ချစ်သူ

နင် ပြောသမျှခေါင်းငြိမ့် တတ်ခဲ့တဲ့ငါ နင့် အပြုံးတွေ အောက်မှာ လဲ

ဒူးထောက်ကျဆုံး ဖို့ အဆင်သင့်ဖြစ်နေပါပြီ
 
အချစ်နန်းတော်မှ လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ