Comments

Monday 15 April 2013

((((((ပြည်သူ့မိခင်)))))

Posted by at 07:26 Read our previous post


မြန်မာဆန်ဆန် သူမဟန်ပန်

ဆင်မြန်းအ၀တ် တင့်တယ်လှကာ

ရင်ဖုံးအကျီင်္ လုံချည်ဆင်မြန်း

ခြုံပ၀ါလွှမ်း ဆင်မြန်းတတ်ကာ

ဆံကေသာထက် အမြဲပန်ဆင်

ပန်းတို့သခင် သူမသည်သာ

မြန်မာဆန်ဆန် ကျက်သရေတင့်စမ်းလှပပေသည်။


သူမမျက်နှာ ပြုံးပန်းဆင်လျှက်

မေတ္တာဓာတ်ပြည့် ကရုဏာငွေ့လွှမ်း

စိတ်ထားမြတ်ကာ ကြည်လင်ဝင်းပ

လမင်းသို့နှယ် ပြည့်ရွှန်းတောက်ပ

ချမ်းမြေ့အေးမြ သူမမျက်နှာ

မြန်မာဆန်ဆန် အေးချမ်းတည်ငြိမ်လှပပေသည်။

သူမစိတ်သည် ရနံ့စုံစွာ

ပန်းမာလာထက် လွန်စွာမွှေးကြိုင်

ငါ၏အသက် ငါတွက်မထား

သူတကာထက် စွမ်းဆောင်နိုင်သော

ရဲရင့်ပြတ်သား ခွန်အားမျာစွာ

ပေးစွမ်းနိုင်သော သူမစိတ်သည်

မြန်မာပြည်သူ အများလူအတွက်

အသက်မငဲ့ ပေးနိုင်စွမ်းလို့

ပြည်သူမိခင် ခေါ်ဆိုထိုက်သည်

သူမသည်သာ ပြည်သူ့မိခင်ဖြစ်ပေတည်း။


စာဖတ်သူများအားလေးစားလျှက်


ရှင်းသန့်မေ.............လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ