Posted by လေပြေ at 17:17
Read our previous post
ကံခေတာကြောင့်လားရူးသွပ်မှုတစ်ခုတည်းလား
ချစ်မိလွန်းတဲ့ အပြစ်လား
မသေချာဘူး၊ မရေရာဘူး
ဒါပေမယ့်….
နာကြင်ခြင်းရဲ့အစတော့
ဟုတ်ခဲ့တယ်…။
မင်းအတွက်ဆို
စတေးခြင်းတွေ ထွေးပိုက်..
24/7 standby ပါ..
ရူးတယ်လို့ ဆိုမှာလား..
အချစ်စစ်ပါဆိုရင်
ဟားတိုက်ဦးမှာလား..
လက်ဆောင်ဆိုပြီး
မျက်မှောင်ကျုံ့အကြည့်တွေတော့
လာမပေးပါနဲ့..
ငါ့အသည်းကနာတတ်တယ်။
မင်းရဲ့နားလည်မှုတွေက
ဘာကြောင့် ငါ့အတွက်
ခါးသက်နေရတာလဲ…
“ချစ်တယ်” ဆို.. ချစ်သူရယ်…
မင်းကြင်နာခြင်းဆိုတာ
ရက်ရက်စက်စက်
သြောဘာသံတွေပဲလား။
အသက်မပါတော့တဲ့ မင်းနှုတ်ခမ်းတွေက
ဘယ်လိုမှပြန်ပြီးအရင်လိုဖြစ်မှာလဲ…
ငါ့နှလုံးသားလည်း
အနာရင်းလို့နေပြီ.. ဒါကိုကျ
မင်းမမြင်ဘူးမလား…။
သိပ်မတောင်းဆိုပါဘူး..
မင်းရဲ့နွေးထွေးမှုကိုသာ
ဖြူဖြူစင်စင်မက်မောမိတာ။
လောကီသားမို့
ရိုးသားခြင်းကမမြဲပေမယ့်
ယုံယုံကြည်ကြည်
အားကိုးထိုက်သူပါလို့
ကြိမ်ဆိုရင် ကောင်မလေး..
မင်းယုံမလား…..။
လေပြေသွေး...ရဲ့ ကဗျာ လေပြေ
No comments:
Post a Comment