Comments

Thursday 28 March 2013

သီချင်းသည်

Posted by at 05:39 Read our previous post


သခင့် သီချင်းသည်အဖြစ်
အမှုထမ်းဖို့ တာဝန်
အကျွန့်ပုခုံးပေါ် ကျလာခဲ့ပြီ ။

အကျွန့်သီချင်းတွေထဲ
သခင့် နွေဦးပန်းပွင့်တွေအကြောင်း
......................... ထည့်ဆိုခဲ့

သခင့် သစ်ရွက်ခက်သံတွေမှာ
တေးသွားရှာခဲ့တယ် ။

သခင့် ညဥ့်ရဲ့ ရှက်ရွံမှုနဲ့
သခင့် မနက်ခင်းရဲ့ ငြိမ်းချမ်းမှုမှာ
အကျွန့် တေးဆိုခဲ့တယ် ။
နွေ မိုးဦးရေစက်တွေရဲ့
ပီတိ အဟုန်က
အကျွန့်သံစဉ်တွေနဲ့
ဆောင်းဦးပေါက် ရင့်မှည့်ကောက်နှံတွေရဲ့
ယိမ်းနွဲ့ လှိုင်းအိတွေကြား
ဖြက်သန်းသွားခဲ့တယ် ။

သခင်ရယ်.....
အကျွန့်နှလုံးသည်းပွတ်ကို ခွဲပြီး
အကျွန့်အိမ်ထဲ သခင်ဝင်အလာမှာ
အကျွန့် သီချင်းသံ စဲမသွားပါရစေနဲ့ ။

တေးသံ စဲရမယ့် အစား
........သခင့်ကို
ခရီးဦးကြိုတဲ့ အနေနဲ့
ပေါက်ကွဲ သီဆိုခွင့်သာ ရချင်စမ်းပါရဲ့ ။ ။

ရာဘန္ဒြာနတ်(သ်)တဂိုး

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ