Comments

Thursday 28 March 2013

တမ်းတစိတ် ဝေဒနာ

Posted by at 05:47 Read our previous post



စောင့်ကြည့်နေရလို့
ကိုယ့်မျက်လုံးတွေ
အိပ်ရေးပျက်ခဲ့ရတယ်။
ဒါပေမယ့်
မင်းကို မတွေ့ရဘူးပဲထား
စောင့်ကြည့်ဖို့ မွေ့ပျော်နေမှာပါ။
ကိုယ့်နှလုံးသားက
မိုးရိပ်ထဲ ထိုင်ရင်း
မင်းအချစ်ကို စောင့်စားနေရတယ်။
ကိုယ့်ကို ရှောင်ဖယ်တယ်ပဲထား
မျှော်လင့်ဖို့ မွေ့ပျော်နေမှာပါ။
သူတို့က
ကိုယ့်ခရီးကိုယ်
အလျှိုအလျှို ထွက်ခွါသွားပြီး
ကိုယ့်ကို ထားခဲ့ကြတယ်။
ကိုယ်တစ်ယောက်တည်း
ကျန်ရစ်တယ်ပဲထား
မင့်းခြေသံတွေကို
နားစွင့်ဖို့ မွေ့ပျော်နေမှာပါ။
ကမ္ဘာမြေရဲ့
မှုန်မှိုင်းမှိုင်းမျက်နှာက
သူ့ဆောင်းဦး နှင်းမြူတွေကို
ရှက်ရယ်ပြီး
ကိုယ့်နှလုံးသားထဲက
တမ်းတစိတ်ကို နှိုးလိုက်တယ်။
အချည်းနှီး
အလဟဿဖြစ်ရတယ်ပဲထား
ဒီတမ်းတစိတ် ဝေဒနာကို
ခံစားဖို့ မွေ့ပျော်နေမှာပါ။ ။

(ရာဘန္ဒြာနတ်(သ်)တဂိုး)

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ