Comments

Thursday 28 March 2013

ပစ်မသွားပါနဲ့ အချစ်ရယ်

Posted by at 05:24 Read our previous post



ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ်
ကိုယ်
ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။

ခုတော့
ကိုယ့်မျက်လုံးတွေ
အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့်
ကိုယ်အိပ်နေတုန်း
မင်းကို ဆုံးရှုံးသွားမှာ စိုးလှတယ်။

ခွင့်မပန်ဘဲ
ပစ်မသွားပါနဲ့ အချစ်ရယ်
ကိုယ် ထထိုင်ပြီး
မင်းကို လက်နဲ့စမ်းတယ်။

“ အိမ်မက်များလား” လို့
ကိုယ့်ကိုယ်ကို မေးမိပြန်တယ်
မင်း ခြေအစုံကို
ရင်ခွင်မှာ
တင်းတင်း ပွေ့ထားနိင်ချင်စမ်းလှတယ်

ကိုယ့်ကို
ခွင့်မပန်ပဲ
ပစ်မသွားပါနဲ့ အချစ်ရယ်....။ ။

ရာဘန္ဒြာနတ်(သ်)တဂိုး


No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ