Comments

Friday 1 February 2013

Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း

Posted by at 23:40 Read our previous post

လွင်မင်းဗိုလ်ထံကနေကူးယူဝေမျှပေးလိုက်ပါတယ်သိပြီးသူတွေအတွက်မဟုတ်ပါ


ဒီနည်းလေးကတော့ ဆိုဒ်တော်တော်များမှာ တင်ထားပြီးသားပါ..။ ဒါပေမယ့်လည်း ကျနော်က ကောင်းတဲ့နည်းလေးတွေအပြင် နောက်ထပ်ကောင်းတာလေးတွေပါ ထပ်ဖြည့်ပြထားပါတယ်..။ ဟိုပြောင်းဒီပြောင်း မလုပ်ချင်တဲ့သူများကတော့ IE Zawgyi Gtalk Font ကို ဒေါင်းလော့ချပြီး Install ဆွဲထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ စက်ကို Restart  ချပေးလိုက်ရင် Gtalk မှာ မြန်မာစာ ပေါ်လာပါပြီ..။ ဒါပေမယ့် IE Zawgyi Gtalk Font ရဲ့အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲတဲ့အခါ တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အဲလိုဖြစ်ခဲ့ရင်တော့ နောက်ထပ်နည်းလေးတွေနဲ့ အောက်ကပုံလေးတွေအတိုင်း အပြောင်းအလဲလေး လုပ်ပေးလိုက်ပါ..။

IE Gtalk Zawgyi Font


Mediafire
Minus
Jumbofiles

အပေါ်က ဆော့ဝဲလ်ကိုသွင်းတဲ့ အခါ ဒီအောက်ကပုံလေး ပါလာပါလိမ့်မယ်..။ သေချာအောင် ပုံထဲကစာတွေ ဖတ်ကြည့်လိုက်ပါဗျာ..။ 


တကယ်လို့ အပေါ်က ဆော့ဝဲလ်မရခဲ့ရင် ဒီအောက်က ဆော့ဝဲလ်ကို ထပ်သွင်းကြည့်ပါ..။ ဒီကောင်လေးကတော့ ကျနော်အစောကြီးကတည်းက ဆိုဒ်ရဲ့ ညာဘက်ခြမ်းမှာ တင်ထားပေးပြီးသားပါ..။ သူ့မှာလည်း အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲရင် တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အောက်မှာလင့်တွေ ထပ်ချိတ်ထားပေးလိုက်ပါတယ်..

IE Zawgyi Gtalk Font   


Mediafire
Minus
Jumbofiles

ဒီဆော့ဝဲလ်တွေထည့်သည့်တိုင်အောင် Gtalk မှာ မြန်မာစာမပေါ်သေးဘူး ဆိုရင်တော့ အဆင့်ဆင့် ပြောင်းလဲဖို့လိုလာပါပြီ...။ ဒါကြောင့် မိမိတို့ရဲ့ Gtalk ကိုဖွင့်လိုက်ပါ..


Gtalk ဖွင့်ပြီးရင်တော့ ဒီအောက်ကပုံအတိုင်း Setting ကနေ သွားလိုက်ပါ... နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


အပေါ်အဆင့်ပြီးရင်တော့ နောက်တဆင့် ထပ်ပြောင်းပေးရ ပါအုန်းမယ်..။ မိမိတို့ကွန်ပျူတာရဲ့ Start Menu ကနေသွားပြီး Internet Explorer ကိုဖွင့်လိုက်ပါ.. အောက်ကပုံလေးအတိုင်း နံပါတ်စဉ်လိုက် ဆက်ကြည့်လိုက်ပါဗျာ..




အပေါ်ကပုံလေးတွေအတိုင်း အဆင့်ဆင့်ပြောင်းလဲပြီးသွားရင်တော့ Gtalk မှာ မြန်မာစာပေါ်လာပါပြီ...။


တကယ်လို့ ဒီအဆင့်တွေအားလုံး လုပ်ပြီးတဲ့အထိ မြန်မာစာမပေါ်သေးဘူးဆိုရင်... အောက်ကပုံ အတိုင်းထပ်ပြောင်းပေးဖို့ လိုလာပါပြီ... Start ကနေ Control Panel ကိုဖွင့်.. ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



ဒါတွေအားလုံးပြီးရင်တော့ Gtalk မှာ သေချာပေါက် မြန်မာစာ ပေါ်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ ပျော်ရွှင်ကြပါစေ..

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ