Comments

Sunday 24 February 2013

ညီမလေးအတွက် စကားလက်ဆောင်(၃)

Posted by at 02:02 Read our previous post
ညီမလေးရေ.....
လူမှုဆက်ဆံရေးနယ်ပယ်မှာ လူရာဝင်ဖို့ပာာ အင်မတန် အရေးကြီးပါတယ်။ ညီမလေးကို လူရာမ၀င်ဘူးလို့ ပြောတာမပာုတ်ဘူးနော်။ မေ့လျော့နေတဲ့ အချက်ကလေးတွေကို သတိပေးချင်တာပါ ။

စောစောက ပြောတဲ့ လူရာဝင်ဆိုတဲ့စကားပာာ
သာမန် လူရာဝင်ခြင်းမျိုးကို ဆိုလိုတာမပာုတ်
ပါဘူး။မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းကို ဆိုလိုတာပါ။ အဲ့ဒီလို လူရာဝင်ဖို့ ညီမလေးမှာ
ဆောင်ထားသင့်တဲ့ အချက်တွေရှိတယ်။

အရင်ဆုံး လူတွေကို နားလည်ပေးနိုင်အောင်
ကြိုးစားရပါမယ်။ ကိုယ့်ကို မကြိုက်တဲ့လူတွေ
က အပြစ်တင် ရှုပ်ချ လာမယ်ဆိုရင် သာမန်အားဖြင့် ဒေါသနဲ့ တုံ့ပြန်မိမှာပါ။ သူတို့
ကြောင့် ဒေါသဖြစ်မိတယ်ဆိုရင် ကိုယ် ကိုယ်တိုင်ပဲ ကျရှုံးပါလိမ့်မယ်။ ဒေါသဖြစ်ပြီး စိတ်လှုပ်ရှားရင် ဘာပဲလုပ်လုပ် အမှားပဲဖြစ်မှာ
ပါ။ ဒါကြောင့် အမှားနည်းအောင် ဒေါသကို လျှော့ချရပါမယ်။ ဒေါသကို လျှော့ချချင်ရင် ရန်
သူကို နားလည်ပေးလိုက်ပါ ညီမလေး။

နောက်တစ်ချက်က စကားချိုသာရပါမယ်။
ဥသြငှက်ပာာ ရုပ်မလှပေမယ့် လူတွေမြတ်နိုး
ကြတယ်ညီမလေး။ ဘာကြောင့်လဲဆိုတော့
သူ့ရဲ့အသံက အင်မတန်ချိုသာလို့ပါ။ စကားကို ချိုသာစွာပြောတာပာာ လူတိုင်း နားဝင်ချိုတယ်လေ။ ရိုင်းစိုင်းစွာပဲပြောပြော ချို
သာစွာပဲဆိုဆို ဆိုလိုချင်တာက တစ်ခုတည်းပါ
ညီမလေး။ ဒါ့ကြောင့် လူချစ်လူခင်များပြီး လူရာဝင်ဖို့အတွက် စကားကို ချိုသာစွာပြောဆို
ရပါမယ်။

နောက်တစ်ခုက ကတိတည်ဖို့ပါပဲ။ ကိုယ့်ပါးစပ်က ပြောလိုက်တဲ့စကားတစ်ခွန်း
ပာာ ခိုင်မာနေမယ်ဆိုရင် စာချုပ်မလိုပါဘူး။
ကတိတည်မှ ယုံကြည်မှုရှိမှာပါ။ ယုံကြည်မှုရှိ
မှ မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းမျိုး ဖြစ်လာမှာပါ။

အရေးအကြီးဆုံးက အတ္တနဲ့ ပရ မျှဖို့ပါပဲ။
ပရချည်းဆိုရင် ရပ်တည်လို့ မရပါဘူး။ ပရတွေ
များများလုပ်ဖို့ အတ္တနည်းနည်း ထားပေးပါ။

ကိုယ့်ရှေ့မှာ လူတစ်ယောက်ပာာ မှားယွင်းနေမယ်ဆိုရင် သူ့ကို အမှန်မြင်တတ်လာအောင် နားချပေးပါ။ စည်းရုံးပေးပါ။ အမှန်တရားကို မြတ်နိုးပါ ညီမလေး။

စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။ စိတ်နှလုံး
တည်ငြိမ်အေးချမ်းနေမယ်ဆိုရင် အသက်ဘေး
နဲ့ကြုံတွေ့လာရင်တောင် မထိပ်လန့်ဘူး ညီမလေး။ စိတ်ငြိမ်ရင် အမှားလည်းနည်းလာ
ပါတယ်။ အမှားနည်းမှ ယုံကြည်မှုရှိလာမှာပါ။

အပြစ်ကို ၀န်ချတောင်းပန်ပါ။ ကိုယ့်မှာအပြစ်ရှိ
နေရင် မသိချင်ယောင်ဆောင်တာပာာ နိမ့်ကျတဲ့ အောက်တန်းစားစိတ်ဓာတ်ပါ။အပြစ်ကို ၀န်ခံ
ပြီး နောက်ထပ်အမှားမလုပ်ဖို့ ကတိပေးပါ။

ဒီလောက်ဆိုရင် မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းဖြစ်လာဖို့ လုံလောက်ပါတယ် ညီမလေး။ နောက်မှ ဆက်ပြောပါအုံးမယ်။

အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း   

        ပြန်လည်ဝေမျှသည် လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ