Comments

Sunday 17 February 2013

သင်၏ ချမ်းသာခြင်င်းကို အထောက်အပံ့ ပေးနိုင်သော အကြောင်းတရား သို့မဟုတ် သီလ.

Posted by at 01:40 Read our previous post
သင်ချမ်းသာခြင်းကို အလိုရှိပါသလား..
လောကတွင် လူတို့သည် ချမ်းသာခြင်းကို အလိုရှိကြသဖြင့် ရုပ်ပိုင်းဆိုင်ရာတို့အား တိုးတက်အောင်
ဆောင်ရွက်ကြသောသူတို့ ရှိ၏.ရုပ်ပိုင်း ဆိုင်ရာ တိုးတက်လာသည်နှင့်အမျှ ကာမဂုဏ် အာရုံတွေ
တိုးတက်လာသကဲ့သို့ ဖြစ်ပြီး စိတ်သည် အာရုံပေါ်တွင် မှီသည့်သဘော ရှိသဖြင့် ရုတ်တရက် ချမ်းသာ
သည်ဟု ထင်ရပါသည်..သို့သော် ထိုချမ်းသာမှုသည် ခဏသာဖြစ်ပြီး..ထိုအာရုံ ကင်းပသွားသည်နှင့်
တစ်ပြိုင်နက် စိတ်သည် ချမ်းသာသည့် သုခ ပျောက်ပျက်သွားတက်ပေသည်..ရုပ်ပိုင်းဆိုင်ရာ တိုးတက်
မှုသည် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ချမ်းသာသုခ အတွက် အခြေအနေတစ်ခု အထိ ထောက်ပံ့ပေး
နိုင်သော်လည်း စစ်မှန်သော ချမ်းသာအတွက်မူ ပြည့်စုံစွာ ထောက်ပံ့မှု ပေးနိုင်စွမ်း မရှိပေ..စစ်မှန်သော
ချမ်းသာသုခကို ပေးစွမ်းနိုင်သော တိုးတက်မှုကို ပြောပါဆိုလျှင် မြတ်ဗုဒ္ဒ၏ ကိုယ်ကျင့်တရား သို့မဟုတ်
သီလ တိုးတက်မှုပင် ဖြစ်ပါသည်ဟု ပြောရပေလိမ့်မည်...
သီလဆိုသည်မှာ ကာယကံနှင့် ၀စီကံကို စောင့်ထိန်းခြင်းပင် ဖြစ်ပေသည်..
သီလ သို့မဟုတ် ကိုယ်ကျင့်တရားကို တိုးတက်အောင်လုပ်ရင်း စစ်မှန်ပြီး တည်မြဲသော ချမ်းသာသုခကို
ပိုင်ဆိုင်နိုင်ကြပါစေ...
ဟင်းကောင်းတစ်ခွက် စားချင်သောသူသည် ဟင်းချက်ကောင်းကောင်းချက်တက်သူ ထံတွင် ချက်ခိုင်းသည်ရှိသော် ချက်ပေးသည့် အချိန်တွင် ဟင်းကောင်းကောင်း တစ်ခွက်ကို စားရပေလိမ့်မည်....သို့သော် နောင်တွင် ဟင်းချက်
ကောင်းသူ မရှိတော့ ချိန်တွင် ထိုဟင်းကောင်းကို စားရလိမ့်မည် မဟုတ်..
ဟင်းကောင်းတစ်ခွက် စားချင်သော သူသည် ဟင်းကောင်းကောင်းချက်တက်သူ ထံတွင် ဟင်းချက်နည်းကို
အချိန်ပေးပြီး သင်ခဲ့သည် ရှိသော် နောင်တစ်ချိန်တွင် ဟင်းချက်ကောင်းသူ မရှိတော့သည့် အချိန်တွင်လည်း
မိမိကိုယ်တိုင် ချက်တက်သဖြင့် ဟင်းကောင်းတစ်ခွက်ကို အချိန်ကာလမရွေး ချက်စားနိုင်ပေသည်..
ဂေါတမမြတ်စွာ ဘုရားရှင်သည် ဟင်းချက်ကြွေးသူမဟုတ်....ဟင်းကောင်းကောင်း ချက်တက်အောင် သင်
ပေးသောသူ နည်းလမ်းပြပေးသောသူ သက်သက်သာ ဖြစ်ပေသည်..

  ကမ္ဘာသစ်ဘလောင့်မှကူးယူးဖော်ပြပေးပါသည်

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ