Comments

Sunday 17 February 2013

အချစ်ငှက် (မန်း) ရဲ့ ကဗျာများ

Posted by at 16:06 Read our previous post

ကဗျာ အပိုင်းအစလေးများ (၈)

မင်းလေးရဲ့ အနား
အမြဲရှိချင်
ထာဝစဉ်မခွဲမခွာပင်။                  
မင်းလေးရဲ့ အပြုံး
အမြဲတွေ့ချင်
လိုအပ်ချက် ရဲ့ ရမ္မက်ပင်။          
မင်းလေးရဲ့ အကြင်နာ
ရင်မှာ အမြဲသာ
ထာဝစဉ် သိမ်းဆည်းထားမည်သာ။      ။။

တစ်ဖက်သတ် အချစ်ကဗျာ

အတောင်ကျိုးနေတဲ့ ငှက်မို့
လေဟုန်မှာ
တောင်ပံဆန့်ခွင့်မရှိတော့ပေမယ့်
မြေပေါ်မှာ
လျှောက်လှမ်းလို့တော့  ရပါသေးတယ်ကွယ်
အဲဒီလိုပဲ
ငါ့အချစ်လှိုင်လုံးလေးတွေကလည်း
မင်းရင်ဘတ်ကမ်းခြေဆီ
ဘယ်တော့မှ  မရောက်နိုင်တော့ပေမယ့်
သိ…အောင်
ကြိုးစားခွင့်လေးတော့  ရှိချင်ပါသေးတယ် ချစ်ရသူရယ် ……..


တစ်ဖက်သတ် ကဗျာလေးတစ်ခု

ငါ့ နှလုံးစသား တစ်ချက်ခုန်လိုက်တိုင်း
မြင်ချင်နေတာ မင်းမျက်နှာ .....
ငါ့ ပါးစပ်ဖွင့်ဟ လိုက်တိုင်း
ပြောချင်နေတာ မင်းအကြောင်းပါ ......
ငါ့ခြေလှမ်း တစ်ချက်ရွေ့တိုင်း
သွားချင်နေတာ မင်းဆီပါ ချစ်ရသူရယ်.....
ဒါတွေအားလုံးဟာ
မင်းမသိနိုင်တဲ့ ငါ့ရဲ့ ရူးသွပ်မှုတွေပဲ
ချစ်သူရယ်.......
ဘယ်သူတွေ ဘာတွေပဲပြောပြော
ငါ့ဘက်ကပဲ မင်းကို
သိတယ်....
ရူးမယ်.....
လွမ်းမယ်.....
မျှော်လင့်နေမယ် .......
နောက်ပြီး
အမြဲ ချစ်နေမယ်ဆိုတာ ယုံပါ ချစ်ရသူရယ်..........


စာအပိုင်းအစလေး တစ်ခု

ဟိတ်..... မလှုပ်နဲ့
ပါသမျှမေတ္တာတွေ အကုန်ထုတ်စမ်း
ပလီပလာများမယ်တော့မကြံနဲ့နော်
ငါ့ရဲ့သစ္စာသေနတ်ထဲက
အချစ်ကျည်ဆံက
တစ်စက္ကန့်ကိုမိုင် 1500 နှုန်းနဲ့
မင်းရဲ့နှလုံးသား ထဲကိုထိုးဖောက်သွားနိုင်တယ်နော်။
 
 

ကဗျာအပိုင်းအစလေးတစ်ခု (၇)

အချစ်ဆုံးမင်းနဲ့
မခွဲမခွာ
မကွဲမကွာ
အမြဲသာ
အတူနေချင်။
သို့ပေသော်ငြား
မင်းလေးရဲ့အနား
ကိုယ့်စိတ်ဟာ
မင်းဆီမှာ
အမြဲရှိနေတယ် ချစ်သူရယ်။   ။
 
 

ကဗျာအပိုင်းအစလေးများ (၆)

ပန်းများဝေဆာ
အချစ်ရင်လွှာမှာ
ပျော်ရွှင်စွာ
နေချင်လွန်းလှသည်။
သို့ပင်သော်ငြား
နိုင်ငံရပ်ခြားမှာ
မပျော်ရွှင်သော်ငြား
ကြိတ်မှိတ်၍သာ
ပညာသင်ကြားနေရတယ်.......ချစ်သူရယ်။ 
 
 

စာသား အပိုင်း အစလေး တစ်ခု

လေတိုက်လို့ သစ်ရွက်ကြွေတာ
ကလေး လူကြီးအကုန် သိပေမဲ့
နင်တိုက်လို့ ကြွေခဲ့တဲ့ နှလုံးသားကိုတော့
ငါနဲ့ ငါ့နှလုံးသားပဲ သိတယ် ချစ်သူရယ်
 
                  

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ