Comments

Monday 21 January 2013

ဂန္တ၀င်အချစ်တွေနဲ့ ကျန်ရစ်ခဲ့ပါတော့

Posted by at 04:20 Read our previous post
…… ရေကူးချန်ပီယံ ရေနစ်လို့သေတာ

…… မုဆိုးကို သမင်ခတ်လို့သေတာ

…… ကမ္ဘာကြီး 32 1/2  ဒီဂရီ တိမ်းစောင်းနေတာကိုက

…… လူတွကို တသမတ်တည်း တစ်ထပ်တည်း မရှိစေခဲ့တာဘဲ

…… စွေစောင်းခြင်းမှာ အရိပ်ရှိသလို

…… ပြိုင်ဘက်မရှိ တော်နေရင်တောင် အရိပ်ရှိသေးတယ်

…… ချစ်လွန်းလို့ ထားတဲ့အတိုင်း နေပေးခဲ့တာ

…… အနိုင်လိုချင်ပေမဲ့ ရှုံးနေတဲ့သူကို မုန်းတတ်တာ သူ့ရဲ့အကျင့်

…… နောက်ဆုံးတော့လည်း …

…… ဘယ်တော့မှ ထပ်တူညီမှာ မဟုတ်တော့တဲ့အတွက်

…… လမ်းခွဲခြင်းနဲ့ဘဲ အဆုံးသတ်ကြတာပေါ့

…… ဇာတ်ပွဲထဲက နောက်ပိုင်းခန်းလို

…… တစ်ယောက်ရှေ့မှာ တစ်ယောက်လူးလှိမ့်ငိုမိနေရင်တောင်

…… မာယာတွေလို့ သတ်မှတ်မယ်

…… ဘယ်တော့မှ လှည့်မကြည့်ကြေး .. မသနားကြေး

˙·٠•●♥ ဂန္တ၀င်အချစ်တွေနဲ့ ကျန်ရစ်ခဲ့ပါတော့ …. ချစ်သူ  ♥●•٠·˙

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ