Comments

Monday 21 January 2013

နောက်ဆုံးအလွမ်း

Posted by at 05:37 Read our previous post
တစ်နှစ်ပြီး တစ်နှစ် 
အချစ်ပြီး အချစ်
ခုတော့ ပြစ်သွားပြီတဲ့ -
တစ်နွေပြီး တစ်နွေ
တစ်မိုးပြီး တစ်မိုး
တစ်ဆောင်ပြီး တစ်ဆောင်း
ခုတော့  ပြောင်းသွားပြီတဲ့ -
အော် လတစ်ခြမ်း အပြုံးမရှိ
နေမင်းကြီးလဲ မျက်ရည်ကျ
ကြယ်လေးတွေ ဘယ်သူ့ကို
အားကိုးရမှာလဲကွယ် -
မိုးချူပ်ရင် အိမ်ပြန်ရတာ 
ထုံးတမ်းစဉ်လာ တစ်ခုပါပဲ
တို့နှစ်ယောက်ကြား
ခြားထားတဲ့စည်း
ငြိမ်းချမ်းနိုင်မလား -
တို့နှစ်ယောက်ကြား
တားထားတဲ့ တောင်တန်း
ဖြတ်ကျော်နိုင်ပါ့မလား -
နှလုံးသားထဲက အချစ်ကို
မြင်အောင်ကြည့်တတ်ရဲ့လာ
ရင်ဘတ်ထဲမှာ တစ်ယောက်ယောက်ကို
ထဲ့ထားဖူးသလား -
နှလုံးသားချင်း ထပ်ထားတဲ့
အကြင်နာ တရားရုံးလဲ
ခေတ်အလိုက် မင်းအကြိုက်
လာဒ်စားမှုတွေ တစ်ကယ်ဖြစ်တော့
မင်းမရှိတဲ့ ငါ့ဘ၀လဲ
ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုရောက်ရောက်
တွေ့သမျှ မြင်သမျှ အရာအားလုံး 
လန်းလန်းဆန်းဆန်းမရှိပဲ
စစ်ရှုံးသည့်ရဲဘော်တွေလို
ဒါဏ်ရာတွေအပြည့်ပါပဲ
သံယောဇဉ်နဲ့ ချစ်ခြင်းတရားတွေ
ဘယ်လောက်ပဲ ခြေကုန်လက်ပန်း ကျကျ
င့ါရဲ့ တွယ်တာမှုတွေက
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး
မင်းရဲ့ အစဉ်အလာ မပျက်အောင်လို့
ငါ့အကြင်နာတွေကိုဘေးဖယ်တယ်ဆိုရင်တော့လဲ
ရှိပါစေတော့ ချစ်သူရယ် ။

(jasmine)

စံပယ်ချိုရဲ့ နောက်ဆုံးအလွမ်းတဲ့ဗျ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ